Post-Production: The Engine Behind the Brand Service
Post-Production: The Engine Behind the Brand
ဒီဇိုင်းဆွဲပြီးရုံနဲ့ Brand တစ်ခုမဖြစ်လာပါဘူး။ စက္ကူပေါ်က စိတ်ကူး (Sketch) ကို လက်တွေ့ဝတ်ဆင်နိုင်ပြီး ဈေးကွက်ဝင်တဲ့ "Product" တစ်ခုအဖြစ် ပြောင်းလဲဖို့ ခိုင်မာတဲ့ Production System လိုအပ်ပါတယ်။ 🏭✨ Maynine Fashion Studio ၏ Post-Production ဝန်ဆောင်မှုသည် သင့် Brand အတွက် အထည်စ ဖြတ်တောက်ခြင်းမှစ၍ Customer လက်ထဲထည့်ရန်အသင့် (Ready-to-Sell) အနေအထားရသည်အထိ တာဝန်ယူပေးသော "End-to-End Manufacturing Solution" ဖြစ်ပါတယ်။

What We Offer
About Service (Step-by-Step of Work Processing) ကျွန်မတို့၏ Production Line သည် "Export Quality" စံချိန်မီစေရန် အောက်ပါ အဆင့် (၉) ဆင့်ဖြင့် စနစ်တကျ လည်ပတ်ပါတယ်-
✅ Step 1: Branding Setup (တံဆိပ်နှင့် ထုပ်ပိုးမှု ဒီဇိုင်း) သင့် Brand ၏ Identity ဖြစ်သော ဂုတ်တံဆိပ် (Neck Label)၊ Tag Logo မှစ၍ Packaging Design အထိ ထုတ်လုပ်မှုလုပ်ငန်းစဉ် (Production) တစ်ခုလုံးကို တာဝန်ယူ ဆောင်ရွက်ပေးခြင်း။
✅ Step 2: Designer-Led Pattern Assurance (Pattern ပိုင်း စိတ်ချရမှု) သာမန်စက်ရုံများကဲ့သို့မဟုတ်ဘဲ Designer ကိုယ်တိုင် ဦးစီးသော ချုပ်ရုံဖြစ်သည့်အတွက် အထည်၏ အကျအနနှင့် Pattern ပိုင်းဆိုင်ရာ တိကျမှန်ကန်မှုကို ရာနှုန်းပြည့် အာမခံပါသည်။
✅ Step 3: Prototype & Approval (နမူနာထုတ်လုပ်ခြင်း) အစုလိုက်အပြုံလိုက် မထုတ်လုပ်မီ Sample အရင်ထုတ်လုပ်ပေးပြီး၊ Client ၏ စိတ်တိုင်းကျ အတည်ပြုချက် (Approval) ရရှိပြီးမှသာ Production ကို စတင်သောကြောင့် အမှားအယွင်းကင်းစင်စေပါသည်။
✅ Step 4: Precision Cutting & Material Prep (တိကျသော ဖြတ်တောက်မှု) အထည်စ (Fabric) သည် ကုန်ကျစရိတ်၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် အလေအလွင့်အနည်းဆုံးဖြစ်စေရန် Marker Planning စနစ်ဖြင့် တွက်ချက်ပြီးမှ တိကျစွာ ဖြတ်တောက်ပါတယ်။
✅ Step 5: Professional Assembly (စံချိန်မီ ချုပ်လုပ်ခြင်း) သာမန်အပ်ချုပ်ဆိုင် (Home Tailor) လက်ရာမဟုတ်ဘဲ၊ Brand တစ်ခု၏ စံချိန်စံညွှန်းဖြစ်သော ချုပ်ရိုး (Stitch-per-inch)၊ ပေါင်းသား (Fusing) နှင့် အနားသတ် (Finishing) များကို Industrial Sewing Machine များဖြင့် သေသပ်စွာ ချုပ်လုပ်ပါတယ်။
✅ Step 6: Quality Control - QC (အရည်အသွေး စစ်ဆေးခြင်း) "Zero Defect" (အမှားမရှိ) ဖြစ်စေရန် အရေးကြီးဆုံးအဆင့်ပါ။
· Measurement Check: Size Chart အတိုင်း တိကျမှုရှိမရှိ တိုင်းတာခြင်း။
· Defect Check: အထည်စ အနာအဆာ၊ ချုပ်ရိုးပြေခြင်းနှင့် ညစ်ပေမှုများကို တစ်ထည်ချင်းစီ စစ်ဆေးခြင်း။
✅ Step 7: Industrial Ironing & Finishing (သေသပ်စွာ မီးပူတိုက်ခြင်း) အထည်ကို ကြည့်လိုက်တာနဲ့ "Tension" ပြေပြီး တန်ဖိုးကြီးပုံပေါက်စေရန် Industrial Steam Iron စနစ်ဖြင့် Professional ကျကျ မီးပူတိုက် အချောသပ်ပေးပါတယ်။
✅ Step 8: Final Packaging (အပြီးသတ် ထုပ်ပိုးခြင်း) စစ်ဆေးပြီးသော အထည်များကို သင့် Brand ၏ Packaging သို့မဟုတ် Box အတွင်းသို့ ရောင်းချရန်အသင့် (Ready-to-Ship) စနစ်တကျ ထုပ်ပိုးပေးခြင်း။

Our Post-Production: The Engine Behind the Brand Service Deliverables Include:
✔️ Labor Cost: ကျွမ်းကျင်လုပ်သားများ၏ ချုပ်ခနှင့် လက်ခများ။
✔️ Trims Sourcing: အထည်နှင့်လိုက်ဖက်မည့် အပ်ချည်၊ ကြယ်သီး၊ ဇစ် (Zippers) နှင့် Interlining များကို ရှာဖွေတပ်ဆင်ပေးခြင်း။
✔️ QC Report: အရည်အသွေးစစ်ဆေးချက် အတည်ပြုချက်။
✔️ Finishing: မီးပူတိုက်ခြင်း၊ ပိုနေသော အပ်ချည်စများ ရှင်းလင်းခြင်း (Thread Trimming)။
Packaging: Brand Label တပ်ဆင်ခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်းစဉ်။

Is This For You? (ဘယ်သူတွေအတွက်လဲ?)
· 🚀 Scaling Brands: တစ်ထည်ချင်း အပ်ချုပ်ဆိုင်မှာအပ်ရတာ စိတ်ညစ်ပြီး ၁၀ ထည်မှ အထည် ၁၀၀ အထက် (Small Batch Production) စတင်ထုတ်လုပ်လိုသူများ။
· 👗 Designers: ချုပ်ရိုးချုပ်သား စိတ်ပူစရာမလိုဘဲ ဒီဇိုင်းပိုင်းနှင့် Marketing ပိုင်းကိုသာ အာရုံစိုက်လိုသူများ။
📦Local Founders:"Made in Myanmar"ကိုExport Qualityဖြင့် ထုတ်လုပ်ပြီး ဈေးကွက်တင်လိုသူများ။
Pricing Options





